#9, 66A Street,
Bet: TheikPan (101th) Str x 43rd Str,
Mandalay, Myanmar.

+959-255 233 448
+959-255 233 449

studentservice@inet.edu.mm

Academic Programs > Foundation Programs

Certificate in Pre-Uni Qualifications

Course Overview

Prepare for Success with Our Certificate in Pre-Uni Qualifications Program!

During their high school years, students explore subjects such as Mathematics, Physics, Chemistry, Biology, History, and Geography, tailored to their chosen educational path. Traditionally, academic performance has been measured through time-limited exams that assess students’ abilities within a fixed timeframe.

However, the international university education system offers a broader and more comprehensive learning experience. Rather than relying solely on memorization, students are encouraged to critically analyze, evaluate, and reflect on the materials they study. This shift requires students to adapt to new learning methods and environments.

At our Pre-University Foundation Certificate Program, we prepare students for this transition by focusing on essential skills such as critical thinking, effective communication, teamwork, persuasive presentation, discipline, and responsibility. Additionally, we emphasize ethical decision-making, environmental awareness, and the ability to balance personal and collective interests.

Our program equips students with the tools they need to excel in university life and beyond, ensuring they are ready to thrive in a changing academic and social landscape.

After completion of this program students are awarded the Pre-University Qualifications Certificate from iNet College, Mandalay, Myanmar.

At a Glance

Certificate in Pre-University Qualifications သင်တန်းသည် ကျောင်းသားများကို ပြောင်းလဲလာသည့် ပတ်ဝန်းကျင်၊ ဆက်ဆံရေး၊ လေ့လာသင်ယူစနစ်တို့နှင့် အံဝင်ခွင်ကျ ဖြစ်အောင် လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပါသည်။

နိုင်ငံတကာပညာရေးစနစ်တွင် အသုံးပြုသည့် ပုံစံဖြင့် ထိရောက်မှုရှိစွာ သင်ယူလေ့လာ တတ်လာမည်။

သင်တန်းတခုတည်းဖြင့် ICT Skill, Academic Skill နှင့် Life-Skill ကို တွဲဖက်ပြီးလေ့လာလိုသူများ တက်ရောက်နိုင်ပါသည်။

နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားရန် ရည်ရွယ်ထားသူများ တက်ရောက်နိုင်ပါသည်။

Critical Thinking & Problem Solving Skill များ ရရှိလာမည်။

လူအများအကြား ပြောတတ်၊ ဆိုတတ်၊ ဆွေးနွေးတတ်၊ ပေါင်းသင်းဆက်ဆံတတ် လာမည်။

လူ့ပတ်ဝန်းကျင် အသိုက်အဝန်း၌ စည်းကမ်း၏ တန်ဖိုးကို နားလည်သော၊ လိုက်နာတတ်သော လူငယ်တဦး ဖြစ်လာမည်။

Program Details

High School Graduate များသည် High School ပညာသင်ကြားရေးကာလအတွင်း၌ general education အနေဖြင့် mathematic, physics, chemistry, biology, history, geography စသည့်ဘာသာရပ်များစွာကို မိမိတို့၏ ရွေးချယ်ထားသော ပညာရေးလမ်းကြောင်းအလိုက် လေ့လာသင်ယူခဲ့ကြပြီးဖြစ်ပါသည်။ အခြေခံပညာရေး၏ သဘောသဘာဝအရ ကျောင်းသားတို့၏ အရည်အချင်းများကို စစ်ဆေးရာတွင် Time-Limited Exam များဖြင့် သတ်မှတ်ချိန်အတွင်း အပြီးဖြေဆိုရသည့် စနစ်ကို အသုံးပြုကြသည်။

နိုင်ငံတကာတက္ကသိုလ်ပညာရေးစနစ်သည် များစွာကျယ်ပြန့်ပြီး ဖတ်ရှုလေ့လာရမည့် စာအုပ်စာတမ်းများ မှာလည်း အလွန်များပြားသည်။ အလွတ်ကျက်မှတ်ရန် မလိုတော့ပဲ မိမိတို့ ဖတ်ရှုလေ့လာခဲ့ပြီးသည်များကို ခြုံငုံသုံးသပ်ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း စသည့် ပုံစံသစ်များဖြင့် လေ့လာကြရပါသည်။ ကျောင်းသားများကို ထိုပုံစံသစ် နှင့် အံဝင်ခွင်ကျ ဖြစ်စေရန်အတွက် ပြောင်းလဲလေ့ကျင့်ပေးရန် လိုအပ်လာသည်။

မိမိတို့၏ စဉ်းစားတွေးခေါ်မှု၊ ပေါင်းသင်းဆက်ဆံတတ်မှု၊ အသင်းအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ မိမိတို့အမြင်ကို အများလက်ခံအောင် ပြောဆိုတင်ပြတတ်မှု၊ စည်းကမ်းရှိမှု၊ စနစ်ကျနစွာ အလုပ်လုပ်တတ်မှု၊ အများနှင့်ဆက်ဆံတတ်မှု၊ တာဝန်နှင့်ဝတ္တရားကို နားလည်ပြီး ကျင့်သုံးလိုက်နာတတ်မှု၊ ပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ မိမိအကျိုး နှင့် သူတပါးအကျိုး ကို မျှတစွာ တွေးခေါ်ဆောင်ရွက်နိုင်မှု စသည့် အရည်အချင်း များသည် အလွန်အရေးပါလာပြီ ဖြစ်ပါသည်။ သို့မှသာ အောင်မြင်ပြီး အများလက်ခံသော ဘဝကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

Certificate in Pre-University Qualifications သင်တန်းသည် ကျောင်းသားများကို ပြောင်းလဲလာသည့် ပတ်ဝန်းကျင်၊ ဆက်ဆံရေး၊ လေ့လာသင်ယူစနစ် တို့နှင့် အံဝင်ခွင်ကျ ဖြစ်အောင် လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပါသည်။သင်တန်းကာလ (၄ လ) ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက iNet College မှချီးမြှင့်သော Pre-University Foundation Certificate ကိုရရှိပါမည်။

Case-Study များ၊ လက်တွေ့လေ့ကျင့်ခန်း များ အသုံးပြု၍ သီအိုရီများကို လက်တွေ့အသုံးချ တတ်အောင် လေ့ကျင့်ခြင်း၊ အပြန်အလှန်ဝေဖန်ဆန်းစစ်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊ အပြန်အလှန် အကဲဖြတ်ခြင်း စသည့် သင်ကြားရေးပုံစံကို အသုံးပြုသည်။

မိမိတို့ လေ့လာ သင်ယူထားပြီးသည်များကို နေ့စဉ်ဘဝတွင် ပြန်လည်အသုံးချတတ်လာအောင် လေ့ကျင့်သင်ကြားသည့် စနစ်ကို အသုံးပြုသည်။

Module Title Sub Module
Academic Skills
  • Study Skills
  • Time Management for undergrad students
  • Critical Thinking skills for undergrad students
  • Creative Problem Solving
  • Writing Research Paper
  • Effective Questioning Techniques in the classroom
Social & Communication Skills
  • Civility in the classroom
  • Cross-Culture Communication
  • Presentation
Word Processing and ICT Skills
  • ICT Fundamentals
  • Microsoft Word
  • Microsoft Visio
  • Microsoft PowerPoint
  • Adobe XD for Prototyping
  • System Administration (A+)
Programmatic Thinking
  • Introduction to Computing
  • Basic calculations in Python
Year Duration
Foundation 12 Weeks
Units 📅 🕐
Core Units Mon – Thurs 9:00 AM – 4:00 PM

 

၁။        စနစ်ဟောင်း အ‌ခြေခံပညာ အထက်တန်း (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ

၂။         စနစ်သစ် အခြေခံပညာ Grade-12 အောင်မြင်ပြီးသူများ

၃။        အပြည်ပြည်ဆိုင်ရာသင်ရိုး GCE O Level/GED/OSSD  အောင်မြင်ပြီးသူများ

၄။        Level 3 Diploma တခုခု ရရှိထားသူများ

နိုင်ငံတကာပညာရေးစနစ်များတွင် အသုံးပြုသည့် ပုံစံသစ်ဖြင့် ထိရောက်မှုရှိစွာ သင်ယူလေ့လာတတ်လာမည်။

  • ICT နည်းပညာများကို မှန်ကန်ထိရောက်စွာ အသုံးချတတ်လာမည်။
  • Assignment, Coursework, Thesis, Dissertation စသည့် စာတမ်းများကို စနစ်တကျ ရေးသားပြုစုတတ်လာမည်။
  • Referencing & Citation များကို သိရှိနားလည်ပြီး ပြန်လည်အသုံးချတတ်လာမည်။
  • ဘဝတွင် ကြုံတွေ့တတ်သည့် ပြဿနာများကို Critical Thinking & Problem Solving Skill များဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်လာမည်။
  • အချိန်ကို စီမံခန့်ခွဲတတ်လာမည်။
  • တာဝန်ယူတတ်သော၊ တာဝန်သိတတ်သော လူကြီးတဦး ဖြစ်လာမည်။
  • လူအများအကြား ပြောတတ်၊ ဆိုတတ်၊ ဆွေးနွေးတတ်၊ ပေါင်းသင်းဆက်ဆံတတ်လာမည်။
  • စည်းကမ်း၏ တန်ဖိုးကို နားလည်သော၊ လိုက်နာတတ်သော လူငယ်တဦး ဖြစ်လာမည်။
  • နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားရန် ရည်ရွယ်ထားသူများ။
  • မိမိတို့ စဉ်းစားတွေးခေါ်မှုစွမ်းရည်၊ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရည် တို့ကို မြှင့်တင်လိုသူများ။
  • သင်တန်းတခုတည်းဖြင့် ICT Skill, Academic Skill နှင့် Life-Skill ကို တွဲဖက်ပြီးလေ့လာလိုသူများ။