About >
Frequently Asked Questions
The IT College
By the professionals. For the future professionals.
အခြေခံပညာအထက်တန်း (သို့) ၁၂ တန်း အောင်မြင်ပြီးလျှင် ကွန်ပျူတာဆိုင်ရာဘွဲ့ ရရှိနိုင်ရန် မည်သည့်သင်တန်းများကို တက်ရောက်နိုင်ပါသလဲ?
အခြေခံပညာအထက်တန်း (သို့) ၁၂ တန်း အောင်မြင်ပြီးလျှင် အောက်ပါ ကွန်ပျူတာဆိုင်ရာဘွဲ့များကို ရယူနိုင်ပါသည်။
- BSc (Hons) Business Computing and Information Systems Degree is delivered awarded by the University of Central Lancashire (UCLan).
- BSc (Hons) Cyber Security and Networking awarded by the University of Central Lancashire (UCLan).
ဘွဲ့သင်တန်းများသို့ တက်ရောက်ရန် ကြာမြင့်ချိန် နှင့် လမ်းကြောင်းများကို သိလိုပါတယ်။
HND Diploma ဆိုတာ ဘာလဲ?
HND (Higher National Diploma) ဆိုသည်မှာ iNet College တွင် သင်ကြားပို့ချ၍ ကမ္ဘာ့အသိအမှတ်ပြု UK နိုင်ငံ ၏ ထင်ရှားသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းကြီး တခု ဖြစ်သော Pearson Education မှ စစ်ဆေးအကဲဖြတ်ပြီး ပေးအပ်သော ချီးမြှင့်သော Software Engineering အထူးပြု Pearson Level 5 Higher National Diploma in Computing (Software Engineering) သင်တန်းဖြစ်ပါသည်။
နိုင်ငံတကာအဆင့် ကွန်ပျုတာ Software Engineer တဦးအဖြစ်ရန် လိုအပ်သော Technical skill များ၊ Communication & Employability Soft Skill ဘာသာရပ်များ ပါဝင်သည်။
သင်တန်းကာလ (၁၈ လ) ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးပါက Pearson Education, UK မှချီးမြှင့်သော Pearson BTEC Level 5 HND in Computing (Software Engineering) ကိုရရှိပါမည်။
HND Diploma ရရှိပြီးလျှင် ဘယ်လိုတက္ကသိုလ်တွေကို ဆက်လက်တက်ရောက်နိုင်သလဲ?
BSc (Hons) Top-up Degree သင်တန်းကို iNet College တွင် (၁)နှစ် ဆက်လက်တက်ရောက်နိုင်ပြီး University of Central Lancashire မှ ပေးအပ်သော B.Sc.(Hons) in Computing and Information Systems bachelor degree ရယူနိုင်ပါသည်။
သို့မဟုတ် UK နိုင်ငံရှိ တက္ကသိုလ်များတွင် တတိယနှစ် ဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်နိုင်သည်။
သို့မဟုတ် Singapore နိုင်ငံရှိ တက္ကသိုလ်အချို့တွင် ဘွဲ့သင်တန်းကို (၁၆)လ အများဆုံး ဆက်လက်တက်ရောက်၍ ဘွဲ့ရယူနိုင်ပါသည်။
NCC L5DC Diploma ဆိုတာ ဘာလဲ?
NCC Diploma ဆိုသည်မှာ iNet College တွင် သင်ကြားပို့ချ၍ ကမ္ဘာ့အသိအမှတ်ပြု UK နိုင်ငံ ၏ ထင်ရှားသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းကြီး တခု ဖြစ်သော NCC Education မှ စစ်ဆေးအကဲဖြတ်ပြီး ပေးအပ်သော ချီးမြှင့်သော Cyber Security အထူးပြု NCC Level5 Diploma in Computing (with Cyber Security) သင်တန်းဖြစ်ပါသည်။
NCC L5DC Diploma ရရှိပြီးလျှင် ဘယ်လိုတက္ကသိုလ်တွေကို ဆက်လက်တက်ရောက်နိုင်သလဲ?
BSc (Hons) Top-up Degree သင်တန်းကို iNet College တွင် (၁)နှစ် ဆက်လက်တက်ရောက်နိုင်ပြီး University of Central Lancashire မှ ပေးအပ်သော BSc (Hons) Cyber Security and Networking Top-up Degree ရယူနိုင်ပါသည်။
သို့မဟုတ် UK နိုင်ငံရှိ တက္ကသိုလ်များတွင် တတိယနှစ် ဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်နိုင်သည်။
သို့မဟုတ် Singapore နိုင်ငံရှိ တက္ကသိုလ်အချို့တွင် ဘွဲ့သင်တန်းကို (၁၆)လ အများဆုံး ဆက်လက်တက်ရောက်၍ ဘွဲ့ရယူနိုင်ပါသည်။
ကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုရှိပါသလဲ?
၂၁ ရာစု၏ အလွန်ကြီးမားလှသည့် တိုးတက်ပြောင်းလဲမှုဖြစ်သော ဉာဏ်ရည်တုနည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပစ္စည်းများအာလုံး၊ လုပ်ငန်းကဏ္ဍများအားလုံးတွင် အဆိုပါနည်းပညာများကို အသုံးချမှုသည် တဖြည်းဖြည်း တွင်ကျယ် လာလျက်ရှိပါသည်။
နောင်အနာဂတ်တွင် လူသားတို့၏ ပိုမိုကောင်းမွန်သော လူမှုဘဝများ ဖန်တီးတည်ဆောက်နိုင်ရန် ဉာဏ်ရည်တု နည်းပညာများကို မှန်ကန်ထိရောက်စွာ အသုံးချနိုင်ရေးသည် လူသားအားလုံးအတွက် အလွန်အရေးကြီးသော စိန်ခေါ်မှုတရပ် နှင့် တာဝန်ဖြစ်ပါသည်။
ဉာဏ်ရည်တု ပါဝင်သောအသုံးချ အိုင်တီ စနစ်များကို စနစ်စည်းကမ်း ကျကျ တီထွင်ရန်၊ စနစ်တကျ ထိန်းချုပ်နိုင်ရန် စသည်များအတွက် ကမ္ဘာကြီး၏ ကောင်းကျိုးကိုလိုလားသော၊ ကျင့်ဝတ်ကို လိုက်နာတတ်သော၊ အပြုသဘောဆောင်သော တတ်သိကျွမ်းကျင် အိုင်တီ ပညာရှင်များ များစွာ လိုအပ်လျက် ရှိပါသည်။ အလုပ်အကိုင် အပေါများဆုံးနှင့် လစာနှုန်း အလွန်ကောင်းမွန်သော အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြစ်ပါသည်။
အလုပ်အကိုင်ကောင်းများ ရရှိရန် မည်သည်များကို လေ့လာသင်ယူထားရမလဲ?
ကျောင်းစာများကို တတ်သိကျွမ်းကျင်ရန် လိုအပ်သကဲ့သို့ တိုးတက်ပြောင်းလဲလျက်ရှိသော နည်းပညာများကို စဥ်ဆက်မပြတ် လေ့လာရန်လည်း အလွန်အရေးကြီးပါသည်။
အလုပ်အကိုင် အခွင့်အလမ်းများကောင်းများ ရရှိစေရန် အောက်ပါ အရည်အချင်းကောင်းများကို လေ့ကျင့်ထားရန် လိုအပ်သည်။
- Technical Skills: Programming, Networking, Data Analysis, Cloud Computing, Cybersecurity စသည့် IT-related skills
- Interpersonal Skills: Communication, Problem-solving, Teamwork, Time Management စသည့် အများနှင့် လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံတတ်မှု။