#9, 66(A) St. ,
Bet: Theik Pan Str x 43rd St.,
Mandalay.

09-255 233 448
09-255 233 449

someone@inet.edu.mm

Academic Programs > Foundation Programs

Pre-Uni Foundation Certificate

Course Overview

At a Glance

Certificate in Pre-University Qualifications သင်တန်းသည် ကျောင်းသားများကို ပြောင်းလဲလာသည့် ပတ်ဝန်းကျင်၊ ဆက်ဆံရေး၊ လေ့လာသင်ယူစနစ်တို့နှင့် အံဝင်ခွင်ကျ ဖြစ်အောင် လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပါသည်။

နိုင်ငံတကာပညာရေးစနစ်တွင် အသုံးပြုသည့် ပုံစံဖြင့် ထိရောက်မှုရှိစွာ သင်ယူလေ့လာ တတ်လာမည်။

သင်တန်းတခုတည်းဖြင့် ICT Skill, Academic Skill နှင့် Life-Skill ကို တွဲဖက်ပြီးလေ့လာလိုသူများ တက်ရောက်နိုင်ပါသည်။

နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားရန် ရည်ရွယ်ထားသူများ တက်ရောက်နိုင်ပါသည်။

Critical Thinking & Problem Solving Skill များ ရရှိလာမည်။

လူအများအကြား ပြောတတ်၊ ဆိုတတ်၊ ဆွေးနွေးတတ်၊ ပေါင်းသင်းဆက်ဆံတတ် လာမည်။

လူ့ပတ်ဝန်းကျင် အသိုက်အဝန်း၌ စည်းကမ်း၏ တန်ဖိုးကို နားလည်သော၊ လိုက်နာတတ်သော လူငယ်တဦး ဖြစ်လာမည်။

Program Details

In 2000, three IT professionals founded iNet Systems Company Limited in Yangon and Mandalay to advance socio-economic development in Myanmar. Initially, iNet focused on IT education, networking and security services, and business application development.

One of the core businesses of the company, iNet IT Education, aims to provide industry-relevant IT courses, produce skilled professionals, and support young professionals aiming for international standards. It also emphasizes valuable vendor certification programs in the international IT field and opened Prometric Test Centers to facilitate international certification exams.

iNet was renamed iNet College in 2010. It partnered with NCC Education, UK, to offer Level 4 and Level 5 Diplomas in Computing. By 2012, it added Higher National Certificate (HNC) and Higher National Diploma (HND) programs accredited by Pearson Education, UK.

In 2019, iNet College began offering BSc (Hons) Top-up Programs in Computing and Information Systems with the University of Central Lancashire (ULAN) and NCC Education. In 2022, it introduced a BSc (Hons) in Cyber Security and Networking.

Over the past 25 years, the institution has trained and educated a large number of Software Engineers, Software Architects, Network Engineers, Data Scientists, Database Administrators, and Information Workers. To this day, it stands as an IT college specializing exclusively in the field of Computing & IT.

  • Case-Study များ၊ လက်တွေ့လေ့ကျင့်ခန်း များ အသုံးပြု၍ သီအိုရီများကို လက်တွေ့အသုံးချ တတ်အောင် လေ့ကျင့်ခြင်း၊ အပြန်အလှန်ဝေဖန်ဆန်းစစ်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊ အပြန်အလှန် အကဲဖြတ်ခြင်း စသည့် သင်ကြားရေးပုံစံကို အသုံးပြုသည်။
  • မိမိတို့ လေ့လာ သင်ယူထားပြီးသည်များကို နေ့စဉ်ဘဝတွင် ပြန်လည်အသုံးချတတ်လာအောင် လေ့ကျင့်သင်ကြားသည့် စနစ်ကို အသုံးပြုသည်။
  • နိုင်ငံတကာပညာရေးစနစ်တွင် အသုံးပြုသည့် ပုံစံဖြင့် ထိရောက်မှုရှိစွာ သင်ယူလေ့လာ တတ်လာမည်။
  • ICT နည်းပညာများကို မှန်ကန်ထိရောက်စွာ အသုံးချတတ်လာမည်။
  • Assignment, Coursework, Thesis, Dissertation စသည့် စာတမ်းများကို စနစ်တကျ ရေးသားတတ်လာမည်။
  • Referencing & Citation များသိရှိနားလည်ပြီး ပြန်လည်အသုံးချတတ်လာမည်။
  • Critical Thinking & Problem Solving Skill များ ရရှိလာမည်။
  • အချိန်ကို စီမံခန့်ခွဲတတ်လာမည်။
  • တာဝန်ယူတတ်သော၊ တာဝန်သိတတ်သော လူကြီးတဦး ဖြစ်လာမည်။
  • လူအများအကြား ပြောတတ်၊ ဆိုတတ်၊ ဆွေးနွေးတတ်၊ ပေါင်းသင်းဆက်ဆံတတ် လာမည်။
  • လူ့ပတ်ဝန်းကျင် အသိုက်အဝန်း၌ စည်းကမ်း၏ တန်ဖိုးကို နားလည်သော၊ လိုက်နာတတ်သော လူငယ်တဦး ဖြစ်လာမည်။
  • နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားရန် ရည်ရွယ်ထားသူများ။
  • ပုဂ္ဂလိက နိုင်ငံတကာ တက္ကသိုလ်အဆင့် ပညာရေးတွင် ဆက်လက်ပညာ သင်ကြားရန် ရည်ရွယ်ထားသူများ။
  • မိမိတို့ စဉ်းစားတွေးခေါ်မှုစွမ်းရည်၊ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရည် တို့ကို မြှင့်တင်လိုသူများ။
  • သင်တန်းတခုတည်းဖြင့် ICT Skill, Academic Skill နှင့် Life-Skill ကို တွဲဖက်ပြီးလေ့လာလိုသူများ။

သင်ကြားရမည့် ဘာသာရပ်များ

Academic Skills အနေဖြင့် အောက်ပါ ဘာသာရပ်ခွဲများကို လေ့လာသင်ယူရပါမည်။

Study Skills

Study Skill ဆိုသည်မှာ ပညာရပ်များကို လေ့လာသင်ကြားရာတွင် မြန်ဆန်ထိရောက်စေရန် အထောက်အကူ ပြုသော နည်းစနစ်၊ နည်းဗျူဟာ များကို အသုံးပြုနိုင်သည့် အရည်အချင်း ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

တက္ကသိုလ်အဆင့် ပညာရေးစနစ်တွင် ပညာရပ်များကို မြန်ဆန်ထိရောက်စွာ လေ့လာသင်ယူနိုင်ရန် Study Skills များကို သိရှိနားလည်းပြီး အသုံးချတတ်ရန် အလွန်အရေးကြီးသည်။

ဤဘာသာရပ်၌ Learner types, Questioning, Critical reading, Notes taking, preview, review, brain neurons များအကြောင်း တို့ကို လေ့လာရပါမည်။

Time Management for undergrad students

တိုးတက်အောင်မြင်လိုသူများသည် မိမိတို့၏ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲတတ်ရန် အလွန်အရေးကြီးသည်။ ရည်မှန်းချက်ပန်းတိုင် ချမှတ်ထားပြီး ယင်းသို့ရောက်ရှိအောင် အားထုတ်နေရန် လိုအပ်သကဲ့သို့ မိမိကိုယ်ကိုလည်း ပြန်လည်ဆန်းစစ်သုံးသပ်ရန် နှင့် ရလဒ်ကို အမှန်အတိုင်း တိုင်းတာတတ်ရန်  အလွန်အရေးကြီးသည်။

ဤဘာသာရပ်၌ Smart goal setting, Pareto’s 80/20 principle, Urgency matrix စသည့် သင်ခန်းစာများကို လေ့လာသင်ယူရပါမည်။

Critical Thinking skills for undergrad students

တက္ကသိုလ်အဆင့် ပညာရေးစနစ်တွင် Critical thinking ဟု ခေါ်သော ကျိုးကြောင်းဆင်ခြင်၍ စဥ်းစားတွေးခေါ် တတ်သိခြင်းသည် ကျောင်းသားအားလုံးအတွက် အလွန်အရေးပါသည့် အရည်အချင်း တခု ဖြစ်ပါသည်။

ဤဘာသာရပ်၌ Aspects of critical thinking, becoming critical thinkers, assumptions & fallacies စသည့်တို့ကို လေ့လာသင်ယူကြရပါမည်။

Creative Problem Solving

ဤဘာသာရပ်သည် သမားရိုးကျ တွေးခေါ်စဉ်းစားပုံများအစား out-of-the-box ဟုခေါ်သော အခြားရှုထောင့်မှ ပြောင်းလဲစဥ်းစားတွေးခေါ်ပုံ၊ ပြဿနာဖြေရှင်းပုံ နည်းလမ်းအမျိုးမျိုး (6W, Why-Why, Fishbone, etc.)၊ Brainstorming, Mind mapping,  Lateral thinking, convergence thinking, six hat thinking အဖြေထုတ်ပုံများ၊ ပြန်လည်ဆန်းစစ်ပုံများ (cost and benefit analysis, weighting method etc.) စသည့် နည်းလမ်းအမျိုးမျိုးတို့ကို လေ့လာကြရပါမည်။

Writing Research Paper

နိုင်ငံတကာ ပညာရေးစနစ်များ၌ ကျောင်းသားတို့၏ တတ်မြောက်မှု အရည်အချင်းကို သုတေသနပြုလုပ်၍ စာတမ်းများ ပြုစုပေးရသည့် ပုံစံဖြင့် စစ်ဆေးလေ့ရှိပါသည်။ စာတမ်းပြုစုသည့်အခါ ရေးသားပုံ ရေးသားနည်း၊ ခေါင်းစဉ်တပ်ပုံ၊ component ၊ format မှန်ကန်ရမည့်အပြင် အခြားပညာရှင် တဦးဦး၏ အကြောင်းအရာများကို ယူသုံးမည်ဆိုပါက ထိုပညာရှင်ကို credit ပေးရန်လိုအပ်ပါသည်။ credit ပေးရန် လိုအပ်သည့် အကြောင်းအရာအမျိုးအစား၊ credit ပေးရန်မလိုအပ်သည့် အကြောင်းအရာအမျိုးအစား၊ စသည် တို့ကိုလည်း ခွဲခြားနားလည်ရပါမည်။ credit ပေးရန် လိုအပ်ပါက သတ်မှတ်ပုံစံ မှန်ကန်စွာဖြင့် credit ပေးရပါသည်။ ဤဘာသာရပ်တွင် စာတမ်းပြုစုနည်းကို လေ့လာသင်ယူကြရပါမည်။

Effective Questioning Techniques in the classroom

ထိရောက်သောလေ့လာမှုများ ဖြစ်ရန်အတွက် မေးခွန်းများကို မှန်ကန်စွာ ရွေးချယ်တတ်ရန်၊ နားထောင်တတ်ရန်၊ မေးခွန်းမေးမြန်း ပုံစံအမျိုးမျိုးကို နားလည်ပြီး သင့်လျော်သလို ပြန်လည်အသုံးချတတ်သည့် အရည်အချင်းများ ရှိရန် လိုအပ်သည်။ ဤဘာသာရပ်၌ body-language မှစပြီး Active listening အထိ အသိပညာ များစွာကို လေ့လာရပါမည်။

Social and Communication Skill အနေဖြင့် အောက်ပါ ဘာသာရပ်ခွဲများကို လေ့လာသင်ယူရပါမည်။

Civility in the classroom

အရွယ်ရောက်ပြီးကျောင်းသူ/ကျောင်းသားတဦးအပေါ်  ပတ်ဝန်းကျင်မှ ရှုမြင်သုံးသပ်ပုံသည် ကလေးဘဝနှင့် မတူတော့ပဲ များစွာပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။ ဤဘာသာရပ်တွင် စာသင်ခန်းတွင်း၌ အများနှင့် လိုက်လျောညီထွေ နေတတ်ရန်၊ လူကြီးတဦးကဲ့သို့ ပြုမူနေထိုင်တတ်ရန်၊ လိမ္မာရေးခြားရှိပြီး ပညာလိုလားသူဖြစ်ရန်၊ အခြားကျောင်းသူ/ကျောင်းသားတို့၏ ပညာလေ့လာမှုကို အနှောက်အယှက် မပြုမိစေရန် စသည့် အရည်အချင်းကောင်းများကို သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံးတတ်စေရန် ရည်ရွယ်ပါသည်။

Cross-Culture Communication

စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစ၍ နိုင်ငံရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများအထိ နိုင်ငံတကာ လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံမှုများ တနေ့တခြား များပြားလာပါသည်။ မိမိတို့နှင့် အခြားသူတို့၏ ရိုးရာဓလေ့၊ ဘာသာရေးသက်ဝင်ယုံကြည်မှု၊  ယဉ်ကျေးမှု စသည်တို့ကို အပြန်အလှန် လေးစားတတ်ခြင်းသည် အလွန် အရေးပါလာသည်။ အဆိုပါ ရည်ရွယ်ချက်ဖြင့် Cross-Culture Communication သင်ကြားပါသည်။

Presentation

မိမိတို့၏ ရှာဖွေတွေ့ရှိမှု၊ လုပ်ကိုင်ဆောင်ရွက်ထားရှိမှု၊ တွေးခေါ်စဉ်းစားမှု၊ ဝေဖန်သုံးသပ်မှုတို့ကို အချင်းချင်း တင်ပြဆွေးနွေးရာတွင် မိမိတို့တင်ပြ ဆွေးနွေးလိုသည့် အကြောင်းအရာကို အများလက်ခံ ယုံကြည်အောင် ဆွေးနွေးတင်ပြတတ်စေရန် ရည်ရွယ်ပါသည်။ အရောင်ရွေးချယ်မှုမှစ၍ အကြောင်းအရာစီစဉ်တင်ဆက်မှု၊ take-home message ပြင်ဆင်ဖန်တီးပုံ၊ persuasive body-language များအကြောင်း၊ အမေးအဖြေကိုင်တွယ်ဖြေရှင်းခြင်းများ စသည်တို့ကို သင်ယူရပါမည်။

Word Processing and ICT Skill အနေဖြင့် အောက်ပါ ဘာသာရပ်ခွဲများကို လေ့လာသင်ယူရပါမည်။

ICT Fundamentals

ICT နည်းပညာ၏ bit-byte မှစ၍ Counting-unit များ၊ အခေါ်အဝေါ်များ၊ Device တို့အလုပ်လုပ်ပုံများ စသည့် ကွန်ပျူတာနည်းပညာအခြေခံတို့ကို သင်ယူလေ့လာရပါမည်။

Microsoft Word

Assignment paper များပြုစုရေးသားတတ်စေရန် ရည်ရွယ်ပါသည်။

Microsoft Visio

Assignment paper များ၌ မိမိတို့တင်ပြ ဆွေးနွေးလိုသည်များကို စသည့်တို့ဖြင့် ပုံဖော်ရေးဆွဲပြရန် သင်ကြားပါသည်။

Microsoft PowerPoint

PowerPoint ကို Presentation များအတွက် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ မိမိတို့၏ Final assessment များအတွက်သော၎င်း၊ အတန်းတွင်း group-project များအတွင်သော်၎င်း Presentation များပြုလုပ်ရန် လိုအပ်သည့်အတွက် သင်ကြားခြင်းဖြစ်ပါသည်။

Adobe XD for Prototyping

Software များကို မရေးသားမီ Project ပြီးစီးသည့်အခါ မြင်တွေ့ရမည့် Software ပုံစံကို ကြိုတင် ရေးဆွဲပြီး ဆွေးနွေးလေ့ရှိကြပါသည်။ Software Prototype များဖန်တီးတတ်စေရန် ရည်ရွည်ပါသည်။

System Administration (A+)

Computer System များသည် စွမ်းဆောင်ရည်အလွန်ကောင်းသော်လည်း Error များမကြာခဏ ဖြစ်ပေါ်တတ်သည့် the most faulty electronic device တခုဖြစ်ပါသည်။ ပြဿနာအများစုကို မိမိဘာသာ ဖြေရှင်းနိုင်စေရန် ရည်ရွယ်ပါသည်။

Fundamentals of Programming in Python

ယနေ့ခေတ်၌ နိုင်ငံတကာအခြေခံပညာစနစ် သင်ရိုးညွှန်းတမ်းများ၌ Programming ဘာသာရပ်ကို မဖြစ်မနေ လေ့လာသင်ယူရမည့် ဘာသာတခုအဖြစ် ထည့်သွင်း သင်ကြားနေကြပြီဖြစ်ပါသည်။ မူလတန်း ကလေးငယ်များ မှစ၍ Programmatic & Logical Thinking ကိုလေ့ကျင့် သင်ကြားပေးနေကြပြီဖြစ်ပါသည်။

Data Science, Machine Learning, Artificial Intelligence, Cyber Security, Network Device Management, Natural Language Processing စသည်တို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော Programming Language တခုဖြစ်ပါသည်။ Programming ဘာသာရပ်နှင့် မရင်းနှီးသေးသော သူများအားလုံး လေ့လာနိုင်ရန် အခြေခံမှစ၍ သင်ကြားမည်ဖြစ်ပါသည်။ အောက်ပါသင်ခန်းစာများကို အကျယ်တဝင့် လေ့လာကြရပါမည်။

  • Introduction to Computing
  • Basic calculations in Python
  • Loops
  • Functions
  • List, Tuples, Metaplot
  • String Manipulation
  • Dictionaries and Sets
  • File and Exceptions
  • Project Menu Driven Program
  • Classes and Object-Oriented Programming (OOP)
  • Inheritance and Polymorphism
  • Menu Driven Program that uses OOP Concepts

၁။   အချိန်–     နံနက်(၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အထိ
၂။   သင်တန်းနေ့ရက်–     တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ
၃။   သင်တန်းကာလ–     (၁၂) ပါတ်

၁။        စနစ်ဟောင်း အ‌ခြေခံပညာ အထက်တန်း (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ

၂။         စနစ်သစ် အခြေခံပညာ Grade-12 အောင်မြင်ပြီးသူများ

၃။        အပြည်ပြည်ဆိုင်ရာသင်ရိုး GCE O Level/GED/OSSD  အောင်မြင်ပြီးသူများ

၄။        Level 3 Diploma တခုခု ရရှိထားသူများ

Scroll to Top