Academic Programs > Bachelor Programs
BSc (Hons) Cyber Security and Networking Top-up Degree
Course Overview
BSc (Hons) Cyber Security and Networking Top-up Degree ကို NCC Education UK မှ သင်ကြားပို့ချ၍ University of Central Lancashire, UK မှ စစ်ဆေးအကဲဖြတ်၍ ပေးအပ်ချီးမြှင့်သော Level 6 Top-up Degree ဘွဲ့သင်တန်းဖြစ်ပါသည်။
ဆိုင်ဘာလုံခြုံရေး နယ်ပယ်တွင် ဆိုင်ဘာပညာရှင်တဦး၏ ကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု များသည် အလွန်အရေးပါသည်။ ဤဘွဲ့သင်တန်းသည် အသုံးချ ကွန်ပျူတာစနစ်များ ဖန်တီးတည်ဆောက်ရာတွင် ပညာရှင်များတွင် ထားရှိရမည့် အသိပညာအတွေးအခေါ်များ နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ၊ ပညာရှင်တဦး စောင့်ထိန်းထားရှိ ရမည့် ကိုယ်ရည်ကိုယ်သွေးများ စသည်တို့ကို လေ့ကျင့်သင်ကြားမည်ဖြစ်ပါသည်။
သင်ရိုးညွန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့် ကွန်ပျုတာ ပညာရှင်တဦးအဖြစ်ရန် လိုအပ်သော Technical skill များ၊ Management skill ဘာသာရပ်များ ထည့်သွင်းရေးဆွဲထားပါသည်။
ဤဘွဲ့သင်တန်းတွင် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ CompTIA အဖွဲ့အစည်းနှင့် ချိတ်ဆက်၍ Additional professional Certificate in Cyber Security(CySA+) သို့ Additional professional Certificate in Cloud Infrastructure (Cloud+) တခုခု ကို သင်ကြားပေးမည် ဖြစ်ပါသည်။
ဤဘွဲ့သင်တန်းသည် Level 5 တက်ရောက်အောင်မြင်ပြီးသော ကျောင်းသားများ အတွက် နောက်ဆုံးနှစ် ဘွဲ့သင်တန်း ဖြစ်ပါသည်။
သင်တန်းအောင်မြင်ပါက UK နိုင်ငံ Preston Guild Hall တွင် ကျင်းပသော ဘွဲ့နှင်းသဘင် အခမ်းအနားတွင် BSc (Hons) Cyber Security and Networking Top-up Degree ကို တက်ရောက်ရယူရမည် ဖြစ်ပါသည်။
ဘွဲ့ရ ပညာရှင်များသည် အောက်ပါ Industry များရှိ လုပ်ငန်းများတွင် စတင်ဝင်ရောက်လုပ်ကိုင်နိုင်ပြီ ဖြစ်ပါသည်။
- Security Analyst
- Security Engineer
- Security Consultant/Specialist
- Database Administrator
- Systems Analysis
- Systems Design
At a Glance
NCC Education UK မှ သင်ကြားပို့ချ၍ University of Central Lancashire, UK မှ စစ်ဆေးအကဲဖြတ်၍ ပေးအပ်ချီးမြှင့်သော Level 6 Top-up Degree ဘွဲ့သင်တန်းဖြစ်ပါသည်။
နိုင်ငံတကာအဆင့် ကွန်ပျုတာ ပညာရှင်တဦးအဖြစ်ရန် လိုအပ်သော Technical skill များ၊ Management skill ဘာသာရပ်များ ထည့်သွင်းရေးဆွဲထားပါသည်။
B.Sc. (Hons) Top-up Degree သင်တန်းကို (၁)နှစ် ဆက်လက်တက်ရောက်ပြီး University of Central Lancashire မှ ပေးအပ်သော BSc (Hons) Cyber Security and Networking Degree ရယူနိုင်ပါသည်။
ဘာသာရပ် တခုချင်းအလိုက် စာတမ်းများပြုစုရပြီး ၊ သတ်မှတ်ချိန်အတွင်း အချိန်မီ တင်သွင်းနိုင်ရပါမည်။
ဤဘွဲ့သင်တန်းသည် Level 5 တက်ရောက်အောင်မြင်ပြီးသော ကျောင်းသားများ အတွက် နောက်ဆုံးနှစ် ဘွဲ့သင်တန်း ဖြစ်ပါသည်။
သင်တန်းအောင်မြင်ပါက UK နိုင်ငံ Preston Guild Hall တွင် ကျင်းပသော ဘွဲ့နှင်းသဘင် အခမ်းအနားတွင် BSc (Hons) Business Computing and Information System Top-up Degree ကို တက်ရောက်ရယူရမည် ဖြစ်ပါသည်။
ဤဘွဲ့သင်တန်းတွင် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ CompTIA အဖွဲ့အစည်းနှင့် ချိတ်ဆက်၍ Additional professional Certificate in Cyber Security(CySA+) သို့ Additional professional Certificate in Cloud Infrastructure (Cloud+) တခုခု ကို သင်ကြားပေးမည် ဖြစ်ပါသည်။
Program Details
More Information
About UCLan Education
In 1828, the University of Central Lancashire was founded in Preston, UK as the Institution for the Diffusion of Knowledge.
Today UCLan is rated as one of the UK’s highest risers in the National League Table and is one of the UK’s largest universities, with a student and staff community approaching 38,000. Internationally, the university has academic partners in all regions of the globe.
The University of Central Lancashire is ranked in the top 3.7% of universities in the world, according to the Centre for World University Rankings (CWUR).
Program Introduction
Teaching Method
ဘာသာရပ် တခုချင်းအလိုက် ကြိုတင်ဖန်တီးထားသော ဗီဒီယို ဖိုင်များ၊ ကျုတိုရီယယ်များ၊ အပြန်အလှန် ဆွေးနွေးကြသော ဖိုရမ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုက်ရိုက်ဆွေးနွေးခြင်း အစီအစဥ်များ စသည်ဖြင့် သင်ကြားသည်။ ကျောင်းသားများသည် ကမ္ဘာနိုင်ငံ အသီးသီးရှိ ကျောင်းသားများနှင့် ပေါင်းစပ်သင်ကြားရသည့်အတွက် အကျိုးကျေးဇူး များစွာ ရရှိသည်။
Delivery Method
Online via the NCC Education virtual learning environment (VLE)
Duration
Full-time: 1 year
Part-time: 2-3 years
120 credits
Final year of the degree pathway completed full-time in one academic year
Teaching Units
အောက်ပါ ဘာသာရပ်များ သင်ကြားရပါမည်။
- Advanced Database Management Systems
- Corporate Communication Systems Management
- Cloud and Virtualization Security
- Cyber Security Management
- Information Systems Projects
Entry Requirements
အောက်ပါ ပညာအရည်အချင်းရှိသော ကျောင်းသားများတက်ရောက်နိုင်ပါသည်။
- NCC Education Level 5 Diploma in Computing with Cyber Security (L5DC (CS))
- Pearson Higher National Diploma (HND) in Computing (Network Engineering)
- Pearson Higher National Diploma (HND) in Computing (Cyber Security)
- Qualification Level 4 and Level 5 Diploma in Cyber Security
- SQA Advanced Diploma in Computing: Networking
- SQA HND Cyber Security
Assessment Policy
ဘာသာရပ် တခုချင်းအလိုက် စာတမ်းများပြုစုရပြီး သီအိုရီအချက်အလက်များကို မှန်ကန်စွာ အသုံးချပြနိုင်မှု၊ သီအိုရီပေါ်တွင် အခြေခံ၍ လက်တွေ့နယ်တွင် အသုံးချပုံကို ပြည့်စုံစွာ တင်ပြနိုင်မှု၊ အချက်အလက် လုံလောက်စွာ ကောက်ယူ တင်သွင်းနိုင်မှု၊ မိမိ၏ ကြိုးပမ်းမှုများကို သရုပ်ပြရှင်းလင်းနိုင်မှု၊ သတ်မှတ်ချိန်အတွင်း အချိန်မီ တင်သွင်းနိုင်မှု စသည်များ အပေါ်တွင် မူတည်၍ အမှတ်ပေး အကဲဖြတ်သည်။
After Competion?
BSc (Hons) Cyber Security and Networking Top-up Degree သည် ကမ္ဘာ့အသိအမှတ်ပြုဘွဲ့ ဖြစ်သောကြောင့် ကမ္ဘာနိုင်ငံများရှိ တက္ကသိုလ်များတွင် ဘွဲ့လွန် မာစတာ ဒီဂရီများ ဆက်လက်တက်ရောက်နိုင်သည်။
အသေးစိတ်သိရှိလိုပါက အောက်ပါ ဝက်ဆိုက်များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။